စာမူများဖိတ်ခေါ်ခြင်း
သံဃာတော်အရှင်သူမြတ်တို့ဘုရား။အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့MYANMAR MONK-STUDENTS WELFARE ASSOCIATION OF INDIAဒွါဒသမနှစ်၊ နှစ်ပတ်လည် အထိမ်းအမှတ်စာစောင်အတွက် စာမူများကို MARCH လ ၁၅-ရက် နောက်ဆုံးထားပြီး အောက်ပါလိပ်စာများသို့ ရေးသားပေးပို့တော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။ မြန်မာစာမူ = vicittajoti@gmail.com English စာမူ = yebawgyi.masoeyein@gmail.com မြန်မာစာမူ/English စာမူ= info@mmwai.org
အကြည့်

ဇီဝဇိုးငှက်တွေလို မိုးကိုထိုးဖောက်လို့ လောကကြီးကို ငုံ့ကြည့်မယ့် သူငယ်ချင်းရေ… လှေခါးဆိုတာ တက်ဖို့ တခုတည်းအတွက် မဟုတ်သလို စီးဝင်နေတဲ့ ရေတိုင်းဟာလည်း သန့်စင်နေတာ မဟုတ်ဘူးနော်။ ညောင်သီးလည်းစား လေးသံကြားလည်း နားစွင့်ထားပေါ့။ လူလူချင်း ချနင်းတဲ့ခေတ်မှာ နူးညံ့မှုတွေ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတေးတွေကို ထပ်, ထပ်ပြီး သီဆိုဖို့ မမေ့နဲ့နော်။ အသက်ရှင်နေတဲ့ ကာလတခုမှာ မြွေမလာရ၊ မြစ်မစီးရ၊ ခြင်မဝင်ရ၊ ကြွက်မကိုက်ရ၊ ဘဝက ရှုပ်ထွေးတယ်ဆိုတာ မင်းသိပါတယ်။ တခါတရံ ရင်ဘတ်ထဲက စကားလုံးတွေ မခုန်ဆင်းရဲတဲ့အဖြစ်မျိုးတွေ မင်းဘဝမှာ ရှိကောင်းရှိမယ်။ အရာရာကို ကြည့်တတ်ဖို့ ချိန်ခွင်လေးတလက်တော့ ဆောင်ထားပေါ့။ မင်းက ခုတ်လွယ်ရှလွယ်တဲ့သူ မဟုတ်လား။ သွားရမဲ့ခရီးက ဝေးသေးတယ် မင်းတပ်လိုက်တဲ့ တောင်ပံတချပ်ဟာ မင်းအသက်တွက် အရှက်မရပါစေနဲ့ [...]
ပေးဆပ်ကြရာတွင်

ပေးဆပ်ကြရာတွင် ဒေါက်တာနေဇင်လတ် ဦးရွှေအောင်၏ ‘ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း‘ စာအုပ်သည် ဘာသာရေးလေ့လာလို သူများသာမက အတွေးအခေါ်ပိုင်း လေ့လာလိုသူများ၊ လူ့ အဖွဲ့ အစည်းတစ်ရပ်အတွက် စဉ်းစားကြသူများ ဖတ်ရှုလေ့လာဖို့ ကောင်းသည်။ ဗုဒ္ဓက လောကနှင့် ပတ်သက်၍ လောကအပေါ် ကြင်နာတတ်ဖို့ လိုသည်။ ၎င်းမှမဟာကရုဏာတော်ကို ရရှိသည်။ အနစ်နာခံတတ်ဖို့လိုသည်။ ၎င်းမှ အရဟတ္တမဂ် ဉာဏ်တော်ကိုရသည်။ သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ် ဖို့လိုသည်။ ၎င်းမှ သဗ္ဗညုတဉာဏ်တော် ကိုရသည်ဟု ဆိုထားပါသည်။ ဗုဒ္ဓတို့ ပေါ်ထွန်းခဲ့သော ဘီစီ (၆)ရာစုခေတ်သည် ဝိဇ္ဇာရှုထောင့်မှ ထူးထူးခြားခြား ဖြစ်ခဲ့၏။ စရဏရှု ထောင့်မှလည်း ထူးထူးခြားခြားဖြစ်ခဲ့၏။ ထိုစဉ်က သူတို့သည် လောကအကြောင်း ပို၍စူးစမ်းခဲ့ကြ သည်။ လောကအကျိုး ပို၍ဦးထိပ် ထားခဲ့ကြ သည်ဟုယူဆနိုင်သော် ရနိုင်ကောင်း၏။ [...]
ဗုဒ္ဓဒဿန

ဗုဒ္ဓဒဿန အရှင်သူရိယ ဗုဒ္ဓဒဿနသည် မြတ်ဗုဒ္ဓ၏ဒေသနာများတွင် အခြေတည်ပါ၏။ အိန္ဒိယယဉ်ကျေးမှုတွင် မြတ်ဗုဒ္ဓမတိုင်မီကပင် ကမ္မ, သံသရာနှင့် ဝိမုတ္တိ အယူအဆတို့ ရှိနှင့်ပြီးဖြစ်ပါ၏။ သို့သော် သံသရာမှလွတ်မြောက်ရာ ဝိမုတ္တိသုခကိုရရန် လမ်းစဉ်မှန်ကိုမူ မပြနိုင်ခဲ့ကြပါ။ မြတ်ဗုဒ္ဓသည် သံသရာမှ လွတ်မြောက်ရာ ဝိမုတ္တိသုခကိုရရန် မဇထိမပဋိပဒါ လမ်းစဉ်ကို ဖော်ထုတ်ခဲ့ပါ၏။ ‘ဒုက္ခအားလုံး၏ ပင်မသည် တဏှာဖြစ်၏‘။ ‘မဇ္ဈိမပဋိပဒါလမ်းစဉ် မဂ္ဂင်ရှစ်ပါးအကျင့်တရား ကိုကျင့်သုံးခြင်းဖြင့် တဏှာမှ လွတ်မြောက်၏၊ တဏှာမှလွတ်မြောက်လျှင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတော့၏‘။ ထိုးထွင်းသိမြင်မှု ပညာသည် သီလနှင့်သမာဓိတို့အပေါ်၌ အခြေခံ ၏ဟူသောအယူအဆသည် မြတ်ဗုဒ္ဓ၏ ကိုယ်ကျင့်တရားအမြင်ပင် ဖြစ်ပါ၏။ မြတ်ဗုဒ္ဓ၏ လောကသို့ အသိပေးကြေ ညာချက်များအနက် အချို့မှာ… သဗ္ဗေသင်္ခါရာ ဒုက္ခာ =သင်္ခါရတရားမှန်သမျှ ဆင်းရဲ၏။ သဗ္ဗေသင်္ခါရာ အနိစ္စာ = [...]
အသွင်သဏ္ဍာန်နှင့် အနှစ်သာ၏နောက်ကွယ်

အသွင်သဏ္ဍာန်နှင့် အနှစ်သာ၏နောက်ကွယ် အရှင်ဝိစိတ္တ (ဆင်ပေါင်ဝဲ) အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ ကျောင်းသား ကျောင်းဆိုတာရှိပါတယ်။ မြန်မာပြည်ကနေ အိန္ဒိယကို စာလာသင်ကြတဲ့ စာသင်သားရဟန်းတော်များရဲ့ အမေ့အိမ်သဖွယ် ချစ်ခင်တွယ်တာ နားခိုအိပ်စက် ပျော်မွေ့ရာ တသက်တာမမေ့ရက်စရာတွေနဲ့ တသသ သတိရနေရမယ့် ကျောင်းတော်ကြီးပါ။ တစ်နေ့ ဆွမ်းချက်အလှည့်ကျလို့ မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ အထုပ်တစ်ထုပ်ကိုဖောက်ခါနီး အလှူရှင်စာတန်းလေးတွေ့လို့ ဖတ်ကြည့်မိပါတယ်။ နာမည်တွေ လိပ်စာတွေ မမှတ်မိတော့ပေမယ့် ဤကောင်းမှုကြောင့် မိသားစုလိုက် ဗုဒ္ဓဂါယာသို့ ဘုရားဖူးလာရပါလို၏ဘုရားဆိုတဲ့ ဆုတောင်းလေးကြောင့် ရင်ထဲမှာနင့်ကနဲ ဖြစ်မိပါတယ်။ ပြီးတော့လည်း မိုင် ၁၈ဝဝ ကျော်ရှိတဲ့ ဘုရားဖူးခရီးစဉ်ကို ကိုယ်တိုင်သွားဖူးသူတစ်ယောက် အနေနဲ့ တွေ့ကြုံခံစားခဲ့ရတဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် ကြေကွဲဝမ်းနည်းဖွယ် ဝမ်းသာအားတက်ဖွယ် အသွင်သဏ္ဍာန်ပိုင်းဆိုင်ရာမြင်ကွင်းတွေနဲ့ အနှစ်သာရ ပိုင်းဆိုင်ရာ လေးနက်မှုအတွေးတွေလည်း စိတ်ထဲမှာ ပေါ်လာမိပါတယ်။ ဘုရားအလောင်းတော်ကို [...]


Recent Comments